လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ
နိုင်ငံခြားသား အလုပ်အကိုင်လက်ခံခြင်းအား ဖွံ့ဖြိုးတိုးတက်ရေး

၂၀၁၈ခုနှစ် ၆လပိုင်း ၅ရက်နေ့
ဂျပန်နိုင်ငံစီးပွားရေး နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု၏ အခြေခံပေါ်လစီ မူကြမ်းကြေငြာချက်အရ (နိုင်ငံခြားသား အလုပ်အကိုင် လုပ်ကိုင်ခွင့် ၅နှစ် သက်တမ်း၏ နေထိုင်မှု လိုင်စင် အသစ်) ။

၂၀၁၈ခုနှစ် ၆လပိုင်း ၁၅ရက်နေ့
ဂျပန်အစိုးရမှ နိုင်ငံခြားသား အလုပ်အကိုင် လက်ခံခြင်းကို အကျယ်တပြန့်ရှိစေရန်အတွက် နေထိုင်မှုလိုင်စင် အသစ်ကို စီစဥ်တည်ထောင်သည့်မူအား ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၁၈ခုနှစ် ၉လပိုင်း ၂၆ရက်နေ့ 
Secretary General of Japan ၏ ရည်မှန်းချက်အရ 「ဆယ်ဂဏန်းရှိသော အလုပ်အကိုင်」ကို သုံးသပ်ထုတ်ပြန်သည်။


၂၀၁၈ခုနှစ် ၁၀လပိုင်း ၉ရက်နေ့ 
ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ တိုးချဲ့၍ နိုင်ငံမှ ထွက်ခွာပြီး နိုင်ငံသားအဖြစ် ပြန်လည်လက်သင့်မခံသော နိုင်ငံမှ နိုင်ငံသားများအား လက်ခံဟုတ် ထုတ်ဖော်ပြောကြားခဲ့သည်။  

၂၀၁၈ခုနှစ် ၁၀လပိုင်း ၁၂ရက်နေ့ 
ဂျပန်နိုင်ငံအစိုးရမှ နေထိုင်မှုလိုင်စင်အသစ်ကို Tokutei ginou 1 နှင့် Tokutei ginou 2 ဟုသတ်မှတ်၍ ၎င်းကောင်းအတွက် စက်မှုလက်မှုလုပ်ငန်း ၁၄ မျိုးကို ထုတ်ပြန်ကြေငြာခဲ့သည်။


၂၀၁၈ခုနှစ် ၁၁လပိုင်း ၁၄ရက်နေ့
လုပ်ငန်း ၁၄ မျိုးအတွက် လက်ခံခြင်းကို ခန့်မှန်းခြေ ၅ နှစ်အတွင်း လူဦးရေ ၃သိန်း ၄သောင်းဟု သတ်မှတ်၍ ၊ ကနဦး   ၃၂၈၀၀ - ၄၇၅၅၀ ဦးရေဟုတ် ကြေငြာခဲ့သည်။

၂၀၁၈ခုနှစ် ၁၁လပိုင်း ၂၁ရက်နေ့
လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပြင်ဆင်ရေး ကိုယ်စားလှယ် အဖွဲ့အား စတင်ဖွဲ့စည်း ခဲ့သည်။

၂၀၁၈ခုနှစ် ၁၂လပိုင်း ၇ရက်နေ့ 
ပြည်သူ့လွှတ်တော်တွင် လူဝင်မှုကြီးကြပ်ရေးအား ပြန်လည်တည်ဆောက်ရေး အထ‌မြောက်သည်နှင့်အတူ အခြားနိုင်ငံများမှ နိုင်ငံခြားသားလက်ခံရေးကို အကြမ်းဖျင်း ၉နိုင်ငံမှ နိုင်ငံခြားသား အလုပ်အကိုင်လက်ခံခြင်းကို ဆုံးဖြတ်ခဲ့သည်။

၂၀၁၈ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့
Tokutei ginou လက်သင့်ခံမည့် အချိန်ကို တရားဝင် ကြေငြာခဲ့သည်။


၂၀၁၉ခုနှစ် ၁လပိုင်း ၂၃ရက်နေ့ 
ဂျပန်အစိုးရသည် ၉နိုင်ငံနှင့် အန္တရာယ်ရှိသော ပွဲစားများပပျောက်ရန်အတွက် နိုင်ငံအသီးသီးမှ အစိုးရကြား သဘောတူ စာချုပ်ချုပ်ဆို၍ ၎င်းနိုင်ငံအတွင်း စာမေးပွဲများကျင်းပသွားမည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။


၂၀၁၉ခုနှစ် ၂လပိုင်း
အသစ်ဖြစ်သော နိုင်ငံခြားသား လူ့အရင်းအမြစ် လက်ခံဖြင့်နှင့် ပတ်သက်သော (လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်မှ ထုန်ပြန် ကြေငြာ)

၂၀၁၉ခုနှစ် ၃လပိုင်း ၁ရက်နေ့ 
နေထိုင်ခွင့် လျှောက်လွှာ ပုံစံ (နမူနာ) ဖြန့်ဖြူးခြင်း 

၂၀၁၉ခုနှစ် ၃လပိုင်း လလည်
လျှောက်လွှာပုံစံ (အတည်ပြုထုတ်ဝေ) HP ‌‌ဒေါင်းလုပ်စတင်ခြင်း

 ၂၀၁၉ခုနှစ် ၃လပိုင်း ၂၈ရက်နေ့

ဂျပန်အစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြား 「Tokutei ginou」အလုပ်သမားစေလွှတ်ခြင်း နှင့်ပတ်သက်သော နှစ်နိုင်ငံသဘောတူ လက်မှတ်ထိုး စာချုပ်ချုပ်ဆိုခဲ့သည်။

၂၀၁၉ခုနှစ် ၄လပိုင်း ၁ရက်နေ့

တစ်ချိန်တည်းမှာပင် Joint Family Japan Co ,Ltd သည် တိုကျိုနိုင်ငံရှိလူဝင်မှုကြီးကြပ်ရေးတွင် မှတ်ပုံတင် ထောက်ခံချက်ရရှိခဲ့သည်။

၂၀၁၉ခုနှစ်၄လပိုင်း၂၄ရက်နေ့
နိုင်ငံခြားသား အလုပ်အကိုင်လက်ခံခြင်း(မြန်မာနိုင်ငံသား)ကို ဂျပန်နိုင်ငံအတွင်း လွယ်ကူအဆင်ပြေချောမွေ့စွာ အလုပ်အကိုင် ရရှိရန် Joint Family Japan Co, Ltd အလုပ်အကိုင်ရှာဖွေပေးခြင်း လိုင်စင်ကိုရရှိခဲ့ပါသည်။


၂၀၁၉ခုနှစ်၄လပိုင်း၂၅ရက်နေ့/၂၆ရက်နေ့
Joint Family Japan Co, Ltd မှ ကူညီဆောင်ရွက်ပေးနေသော မြန်မာပညာတော်သင်ကျောင်းသား/ကျောင်းသူများသည် စားသောက်ဆိုင်ရာ စာမေးပွဲ(Tokutei ginou1)အား ဝင်ရောက်ဖြေဆိုခဲ့ပါသည်။

ပထမဆုံးအကြိမ် 「Tokutei ginou」စာမေးပွဲဖြေဆိုခြင်း 

လုပ်ငန်းအမျိုးအစား      အချိန်                   နေရာ                            ဦးရေ                 အများဆုံးဖြေခဲ့သော

                                                                                                                          နိုင်ငံသား


  • သူနာပြု             ၄လပိုင်း၁၃ရက်နေ့          ဖိလစ်ပိုင်နိုင်ငံ                    ၁၁၃ဦး                      ဖိလစ်ပိုင်

                                         ၁၄ရက်


  • ဟိုတယ်             ၄လပိုင်း၁၄ရက်နေ့    တိုကျိုမြို့၊အိုစာကာမြို့နှင့်        ၃၉၁ဦး             ဗီယက်နမ်၊မြန်မာ၊

                                                                   အခြားသောမြို့၇နေရာ                       နီပေါနှင့်အခြားနိုင်ငံသားများ 


  • စားသောက်ဆိုင် ၄လပိုင်း၂၅ရက်နေ့   တိုကျိုမြို့၊အိုစာကာမြို့          ၄၆၀ဦး       တရုတ်လူမျိုး၊ဗီယက်နမ်၊                                                                                                                        နီပေါနှင့်အခြားနိုင်ငံသားများ 


စုစုပေါင်း       ၉၆၄ဦး           (စာမေးပွဲဖြေဆိုသူအများအပြားမှာ ပညာတော်သင် ကျောင်းသားများ ဖြစ်သည်။)

၂၀၁၉ခုနှစ် ၅လပိုင်း လလယ်
စာမေးပွဲဖြေဆိုထားသော အောင်စာရင်းအား ၇လပိုင်းတွင် သိရှိရမည်ဖြစ်ပါသည်။

၂၀၁၉ခုနှစ် ၆လပိုင်း လလယ်
စားသောက်ဆိုင်စားမေးပွဲစစ်ဆေးရန် ကြိုတင်စီမံလျက်( ဂျပန်နိုင်ငံ ၇ နေရာတွင် လူဦးရေ  ၂၀၀၀ ပမာဏ)

၂၀၁၉ခုနှစ် ဆောင်းဦးပိုင်းတွင် 
လူဦးရေ ၃၀၀၀ ပမာဏ စာမေးပွဲစစ်ဆေးရန် ကြိုတင်စီမံလျက်

၂၀၁၉ခုနှစ် ၄လပိုင်း ၂၆ရက်နေ့
Tokutei ginou 1 ဗီဇာအား ကမ္ဘောဒီးယားနိုင်ငံသူ ၂ဦးမှ လက်ဝယ်ရရှိ 

၂၀၁၉ခုနှစ် ၅လပိုင်း ၄ရက်နေ့
ယခုလက်ရှိ သတ်မှတ်ထားသောနိုင်ငံ ၉နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံ၊နီပေါနိုင်ငံ၊မြန်မာနိုင်ငံနှင် မွန်ဂိုလီးယားနိုင်ငံ အစရှိသော နိုင်ငံ ၅နိုင်ငံ နှင့် ဂျပန်နိုင်ငံမှာ သဘောတူ စာချုပ်ချုပ်ဆို ထားသည်။

၂၀၁၉ခုနှစ်၅လပိုင်း ၉ရက်နေ့ 
「Tokutei ginou」အစိုးရမှ ပထမဆုံးအကြိမ် စာရွက်စာတမ်းထုတ်ပေးခြင်း 
ဂျပန်နိုင်ငံတွေ နေထိုင်‌နေသော နည်းပညာဆိုင်ရာ လုပ်သား ( ကမ္ဘောဒီးယားနိုင်ငံသား အမျိုးသမီး ၂ဦး ) မှာ နေထိုင်ခွင့်ကတ် ထုတ်ပေးကြောင်း ကြောြငာခဲ့သည်။

၂၀၁၉ခုနှစ်၅လပိုင်း၉ရက်နေ့
ဒုတိယအကြိမ်မြောက် Tokutei ginou 1 စာမေးပွဲကို ကြေငြာခြင်း

၂၀၁၉ခုနှစ်၆လပိုင်း၂၄ရက်နေ့          Sapporo, Sendai , Okayam
၂၀၁၉ခုနှစ်၆လပိုင်း၂၇ရက်နေ့                   Tokyo, Osaka, Nagoya
 ၂၀၁၉ခုနှစ်၆လပိုင်း၂၈ရက်နေ့                                 Tokyo, Fukuoka

 

  • မေးခွန်းအရေအတွက်မှာ  ၄၅ခု
  • စာမေးပွဲကြာချိန်မှာ    မိနစ် ၉၀ 
  • အောင်မြင်သည်ဟုတ်သတ်မှတ်သည့် ရာခိုင်နှုန်းမှာ ၆၅%အထက်


၂၀၁၉ခုနှစ်၅လပိုင်း၂၁ရက်နေ့
Tokutei ginou ဆိုင်ရာစာ‌မေးပွဲအောင်မြင်သူများ၏ စာရင်းကိုကြေငြာခဲ့သည်(စားသောက်ဆိုင်)

Tokyo, Osaka အစရှိသော မြို့များတွင်ဖြေဆိုသူ လူဦးရေ ၄၆၀ဦး အနက် ၃၄၇ဦး(၇၅.၄%) မှာ အောင်မြင်ခဲ့သည်။

အောင်မြင်သူအတွင်းမှာ       ဗီယက်နမ်လူမျိုး ၂၀၃ဦး
                                            တရုတ်လူမျိုး       ၃၇ဦး
                                           နီပေါလူမျိုး         ၃၀ဦး
                                          ကိုရီးယားလူမျိုး ၁၅ဦး
                                                                             မြန်မာလူမျိုး     ၁၄ဦး  နှင့် တစ်ခြားနိုင်ငံများ 


အမျိုးသား  ၂၃၁ဦး
အမျိုးသမီး ၁၁၆ဦး

အခုမှစ၍ စီးပွားရေးလုပ်ငန်းကုမ္ပဏီများနှင့် အလုပ်ခန့်အပ်ကြောင်းစာချုပ်များချုပ်ဆိုပြီးနောက် အမြန်ဆုံး ၇လပိုင်းမှစ၍ နေထိုင်မှုဗီဇာအသစ် (Tokutei ginou 1)ဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ပြီ ဖြစ်ပါသည်။

(စားသောက်ဆိုင်လုပ်ငန်း) အပိုင်းတွင် ယခုမှစ၍ ၅နှစ်အတွင်း လူဦးရေ၅သောင်း၃ထောင် အား နေထိုင်မှု ဗီဇာအသစ်ဖြင့် နေထိုင်သွားနိုင်ရန် လုပ်ဆောင်သွားမည့် အစီအစဥ် ဖြစ်သည်။


၂၀၁၉ခုနှစ် ၅လပိုင်း ၂၃ရက်
ဒုတိယအကြိမ်မြောက် စားသောက်ဆိုင်လုပ်ငန်း စာမေးပွဲလျှောက်လွှာအား လျှောက်တင်ရန်စတင်ခြင်း
 Joint Family Japan Co,.Ltd မှ လုပ်ငန်းဆောင်ရွက်ပေးသည့် မြန်မာကျောင်းသား 12ယောက်မှာ စာမေးပွဲ လျှောက်လွှာအား အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ခဲ့ပါသည်။ ထိုကျောင်းသားများလည်း စာမေးပွဲကံကောင်း စေရန် ဆုတောင်းပေးနေပါတယ်။

၂၀၁၉ခုနှစ်၅လပိုင်း၂၃ရက်နေ့
ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးမှနိုင်ငံခြားသားလုပ်သားများအားတရားဝင်ဝန်ဆောင်မှု‌လိုင်စင်ခွင့်ပြုခွင့်အားဂျပန်တစ်နိုင်ငံလုံး၁၄၀၀ကုမ္ပဏီမှလျှောက်ထားသည့်အနက် ၁၁၇ကုမ္ပဏီမှာ တရားတွင်လိုင်စင်အားရရှိကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုကုမ္ပဏီများအနက် Joint Family Japan Co.,Ltdမှာ အမှတ်စဥ် ၄၆ခုမြောက်ဖြစ်သည်။ 




၂၀၁၉ခုနှစ် ၅လပိုင်း  ၂၄ရက်နေ့ (သောြကာနေ့)
Tokutei ginou (သူနာပြုလုပ်ငန်း) ၈၄‌ယောက်အောင်မြင် 
ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြေဆိုသူ ၁၁၃ယောက်အနက် ၇၄.၃% အောင်မြင်ခဲ့သည်။
အောင်မြင်သူ အမျိုးသားဦးရေမှာ ၂၆ ဦး ဖြစ်၍ အမျိုးသမီးဦးရေမှာ ၅၈ ဦးဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ၇လပိုင်းအထိ စာမေးပွဲအား ၄ကြိမ်တိုင်တိုင်ကျင်းပသွားမည်ဖြစ်သည်။
 
၂၀၁၉ခုနှစ် ၅လပိုင်း၂၅ရက်နေ့ 
Tokutei ginou ( ဟိုတယ်လုပ်ငန်း) ၂၈၀ယောက် အောင်မြင်
ဂျပန်နိုင်ငံအတွင်း ဖြေဆိုသူ ၃၉၁ယောက်အနက် ၇၁.၆% အောင်မြင်ခဲ့သည်။

ဗီယက်နမ်  ၁၃၁ ဦး 
နီပေါ             ၄၀ဦး
တရုတ်           ၂၆ဦး
 မြန်မာ            ၂၅ဦး 


အမျိုးသားဦးရေ ၁၄၃ဦး 
အမျိုးသမီးဦးရေ ၁၃၇ဦး 


၂၀၁၉ခုနှစ် ၅လပိုင်း ၃၁ရက်နေ့ 
ဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာနမှ 「အမြဲတမ်းနေထိုင်ခွင့်လိုင်စင်နှင့် ပတ်သက်၍ ညွှန်ကြားချက်များ」ကိုပြန်လည်ပြုပြင် သတ်မှတ်ခဲ့သည်။ 「Tokutei ginou 1」ဖြင့်အလုပ်လုပ်ကိုင်မည့် ကာလအပိုင်းအခြား (အကြာဆုံးကာလ ၅နှစ်)ကို အမြဲနေထိုင်ခွင့်လိုအပ်ချက်အတွက် ပြန်လည်ပြင်ဆင်ခြင်းတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိရန် ။「Tokutei ginou 2」မှာ ၅နှစ်အထက် နေထိုင်ပြီးပါက အမြဲနေထိုင်ခွင့် လိုင်စင်အား ပြောင်းလဲနေထိုင်နိုင်သည်။
ထို့အပြင် 「Tokutei ginou1」၏ နေထိုင်ခွင့် လိုင်စင်ကာလတွင် မိသားစုအားဂျပန်နိုင်ငံသို့ ခေါ်ဆောင်ခြင်းကို အသိအမှတ်မပြုပဲ 「Tokutei ginou 2」တွင်မူ မိသားစုအားဂျပန်နိုင်ငံသို့ခေါ်ဆောင်ခွင့် အသိအမှတ်ပြုသည်။

၂၀၁၉ခုနှစ်၅လပိုင်း၃၁ရက်နေ့
ဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက် 
 
မြန်မာနိုင်ငံမှ အထူးကျွမ်းကျင်လုပ်သား (Tokutei ginou) စာမေးပွဲလက်တွေ့ကျင်းပပြုလုပ်ရန် ကြိုတင်စီမံချက်
 
(၁) ဟိုတယ်လုပ်ငန်း  ယခုနှစ်အတွင်း  မြန်မာနိုင်ငံတွင်လုပ်ဆောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း 

(၂) စိုက်ပျိုးမွေးမြူရေးလုပ်ငန်း  (က)စိုက်ပျိုးရေး လုပ်ငန်း          ၂၀၁၉ခုနှစ် ၁၀လပိုင်း အကုန်ပိုင်း   ကျင်းပပြုလုပ်သွားမည်
                                                (ခ)မွေးမြူရေး လုပ်ငန်း            ၂၀၁၉ခုနှစ် ၁၀လပိုင်း အကုန်ပိုင်း    ကျင်းပပြုလုပ်သွားမည်
၂၀၂၀ခုနှစ်  ၁လပိုင်း ၃လပိုင်း တွင် စာမေးပွဲလုပ်ဆောင်သွားရန် ကြိုတင်စီမံချက်
 
(၃) အဆောက်အဦး သန့်ရှင်းရေးလုပ်ငန်း      ၂၀၁၉ခုနှစ် ၁၀လပိုင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စာမေးပွဲပြုလုပ်သွားရန်အတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။
 
(၄) စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း ၂၀၁၉ခုနှစ် ၁၀လပိုင်း အကုန်ပိုင်းတွင် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်။
 

အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်းမှာ လက်ရှိ ဖတ်စာစာအုပ် ရှိပြီး အခြားဆိုင်ရာလုပ်ငန်းများ၏ ဖတ်စာစာအုပ်များမှာ ၉လပိုင်း အစပိုင်းတွင် ထုတ်ဝေဖြန့်ဖြူးမည့် အစီအစဥ်ဖြစ်သည်။ 


၂၀၁၉ခုနှစ် ၆ လပိုင်း ၂၇ရက်နေ့
ယနေ့ ဂျပန်နိုင်ငံတွင် နေထိုင်နေကြသော နိုင်ငံခြားသားများမှာ စားသောက်ဆိုင်လုပ်ငန်း၏ ဒုတိယအကြိမ်‌မြောက် စာမေးပွဲအား လူအယောက်ပေါင်း ၂ထောင်ပမာဏမှာ ဝင်ရောက် ဖြေ   ဆိုလုပ်ဆောင်

Joint Family Japan အားလျှောက်လွှာတင်ထားသော မြန်မာကျောင်းသား/ကျောင်းသူများလည်း ယနေ့ကျင်းပမည့် စာမေးပွဲ နှင့် မနက်ဖြန်ကျင်းပမည့် စာမေးပွဲအား ကျောင်းသား/ ကျောင်းသူများအားလုံးမှာ ကြိုးစားဝင်ရောက် ဖြေဆိုသွားမည်ဖြစ်သည်။ အားလုံးဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


၂၀၁၉ခုနှစ်၇လပိုင်း၅ရက်နေ့

စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်း ဆိုင်ရာ စာမေးပွဲနှင့်ပက်သက်သော ထုတ်ပြန်ကြေညာခြင်း 

                                 1.         ဂျပန်နိုင်ငံအတွင်း ၉လပိုင်းထုတ်ပြန်ကြေညာမည်ဟု ကြိုတင်စီမံချက်

                                 2.         နိုင်ငံခြား (၁၀နိုင်ငံ)တွင် 

                                             ①       စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း
                                             ②       စားသောက်ဆိုင်လုပ်ငန်း

ယခုလက်ရှိ ညှိနှိုင်းတိုင်ပင်ကာလ ပြီးဆုံးပါက ကြေညာသွားမည်ဟု ထုတ်ပြန်ကြေညာခြင်း

အထူးဂုဏ်ပြုလွှာ 

  ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးမှ ကျွန်ုပ်တို့ ကုမ္ပဏီ Joint Family Japan Co.,Ltd အား ၂၀၁၉ခုနှစ် ၅လပိုင်း ၂၃ရက်နေ့တွင် နိုင်ငံခြားသားလုပ်သားများအား တရားဝင် ဝန်ဆောင်မှု‌ပေးခွင့် လိုင်စင်အား ထိုက်တန်စွာရရှိခဲ့ပါပြီ။ (19登-000046)  ဖော်ပြထားပါသည်။


ဂျပန်နိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအား အဖက်ဖက်မှ ကူညီထောက်ပံ့ ပေးနိုင်သော လိုင်စင်ဖြစ်သည်။ ဂျပန်နိုင်ငံရှိ နေ့စဥ် နေထိုင်မှုဘဝအား လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။


http://www.moj.go.jp/content/001292890.xlsx


အထူးဂုဏ်ပြုလွှာ 

  
ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးမှ ကျွန်ုပ်တို့ ကုမ္ပဏီ Joint Family Japan Co.,Ltd အား ၂၀၁၉ခုနှစ် ၅လပိုင်း ၂၉ရက်နေ့တွင် စာရင်းစစ် 

ရှေ့နေ Godai Fumio သည် နိုင်ငံခြားသားလုပ်သားများ တရားဝင် ဝန်ဆောင်မှု‌ပေးခွင့် လိုင်စင်အား ထိုက်တန်စွာရရှိခဲ့ပါပြီ။
 (19登-0000235)တွင်ဖော်ပြထားပါသည်။

လွန်စွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ၊ အခုမှစ၍ ထိုပေးအပ်နှံမှုနှင့် အတူထိုက်တန်စွာ အားသွန်ခွန်စိုက် ရှေ့သို့လှမ်းချီ 

လုပ်ဆောင် သွားမည် ဖြစ်ပါသည်။

၂၀၁၉ခုနှစ်၄လပိုင်း၂၄ရက်နေ့

နိုင်ငံခြားသား အလုပ်အကိုင်လက်ခံခြင်း(မြန်မာနိုင်ငံသား)ကို ဂျပန်နိုင်ငံအတွင်း လွယ်ကူအဆင်ပြေချောမွေ့စွာ အလုပ်အကိုင် ရရှိရန် Joint Family Japan Co, Ltd အလုပ်အကိုင်ရှာဖွေပေးခြင်း လိုင်စင်ကိုရရှိခဲ့ခြင်း

၂၀၁၉ခုနှစ်၄လပိုင်း၁ရက်နေ့

Joint Family Japan Co, Ltd ၏ မှတ်ပုံတင်ထောက်ခံမှု အဖွဲ့အစည်းတွင် မှတ်ပုံတင်လျှောက်လွှာတင်ထားခြင်း ပုံစံ

၂၀၁၉ခုနှစ်၅လပိုင်း၂၃ရက်နေ့


Joint Family Japan Co.,Ltd သည် ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးမှ အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအား အဖက်ဖက်မှ ကူညီထောက်ပံ့ ပေးနိုင်သော လိုင်စင်အား ရယူခဲ့ပါသည်။

ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးမှ ကျွန်ုပ်တို့ ကုမ္ပဏီ Joint Family Japan Co.,Ltd အား ၂၀၁၉ခုနှစ် ၅လပိုင်း ၂၉ရက်နေ့တွင် စာရင်းစစ် ရှေ့နေ Godai Fumio သည် နိုင်ငံခြားသားလုပ်သားများ တရားဝင် ဝန်ဆောင်မှု‌ပေးခွင့် လိုင်စင်အား ထိုက်တန်စွာရရှိခဲ့ပါပြီ။
 (19登-0000235)တွင်ဖော်ပြထားပါသည်။


၂၀၁၉ခုနှစ် ၁၀လပိုင်း ၁ရက်နေ့


ယနေ့  JOINT FAMILY JAPAN CO.,LTD မှ အခကြေးငွေဖြင့် အလုပ်အကိုင် မိတ်ဆက်ပေးခွင့် လိုင်စင် (13-ユ-311222) အား လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့ပြီဖြစ်ပါသည်။ အခုမှစ၍လည်း  လုပ်ငန်း ကုမ္ပဏီ အဖြစ် မြန်မာလူမျိုးများ၏ အလုပ်ရှာဖွေခြင်းကို အဆင်ပြေချောမွေ့  ပြည့်စုံအောင် လုပ်ဆောင်ပေးနိုင်ခြင်း ၊ ကူညီထောက်ပံ့ပေးနိုင်သော လိုင်စင်ရရှိပြီးသည့်အတွက် မြန်မာနိုင်ငံသားများအား ကူညီထောက်ပံ့ပြီး အလုပ်ရှာဖွေလုပ်ဆောင်ပေးသွားမည် ဟု ကတိပြုပါသည်။