စားသောက်ဆိုင်စာမေးပွဲနှင့် သက်ဆိုင်ရာ စကားလုံးများကို ထုတ်နှုတ်ထားပါသည် အောက်ပါလင့်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်

စာမေးပွဲဆိုင်ရာ အသိပေးချက်

ဂျပန်နိုင်ငံမှဦးစီး ကျင်းပသော Tokutei ginouဗီဇာအတွက် ဂျပန်ဘာသာစာမေးပွဲအား သက်ဆိုင်ရာနိုင်ငံများတွင် လက်တွေ့ ကျင်းပအကောင်အထည်ဖော်ဆောင်သွားရန် ဆုံးဖြတ်အတည်ပြုခဲ့သည်။

 

ကမ္ဘောဒီးယား ၊ နီပေါ ၊ ဖိလစ်ပိုင် ၊ မြန်မာ ၊ မွန်ဂိုလီးယား အစရှိသော ၅ နိုင်ငံတွင် လုပ်ဆောင်သွားမည်။


မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ် ၁၀လပိုင်း ၃၀ရက်နေ့ မှ ၁၁လပိုင်း ၁ရက်နေ့အထိ ၃ရက်တိုင်တိုင် ၊ ၁၁လပိုင်း၄ရက်နေ့ မှ ၁၁လပိုင်း ၇ရက်နေ့အထိ ၄ရက်တိုင်တိုင် ကျင်းပသွားမည် ။ စာမေးပွဲဖောင်တင်ခြင်းကို ၉လပိုင်း လကုန်ပိုင်းတွင် လက်ခံဆောင်ရွက်သွားမည်ဖြစ်၍ ဖောင်တင်ရမည့် နည်းလမ်းလမ်းညွှန်အား ၉လပိုင်း အစပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပါသည်။


အခမ်းအနားကျင်းပမည့် နေရာအား နောက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။ 

၇လပိုင်း၁၇ရက်နေ့ 


စားသောက်ဆိုင်အထူးကျွမ်းကျင်စာမေးပွဲ အချိန်ဇယား ထုတ်ပြန်ကြောညာခြင်း 


ဂျပန်နိုင်ငံအတွင်း ကျင်းပမည့် စီမံချက် မှာ ဖော်ပြထားသော ဇယားအတိုင်းဖြစ်၍ အခြားသောနိုင်ငံများအနက် မြန်မာနိုင်ငံသီးသန့် လက်တွေ့လုပ်ဆောင်သွားမည့် စီမံချက် 


၂၀၂၀ခုနှစ်၁လပိုင်း (နောက်ပိုင်း) မြန်မာနိုင်ငံအတွင်း စားသောက်ဆိုင်လုပ်ငန်း၏ စာမေးပွဲ လက်တွေ့လုပ်ဆောင်ရန် ဆုံးဖြတ်အတည်ပြုခဲ့သည်။ 


ဧည့်ကြိုလုပ်ငန်း ၊ ဟင်းပွဲချက်ပြုတ်ခြင်း ၊ သန့်ရှင်းရေးဆိုင်ရာ ဟူ၍ လုပ်ငန်း၃မျိုးအနက်  မိမိကိုယ်တိုင် ကြိုက်နှစ်သက်သော အခန်းကဏ္ဍကို ရွေးချယ်၍ ဆိုင်ရာ ဖတ်စာစာအုပ်များအား လေ့လာဖြေဆိုနိုင်ပါသည်။   

အားလုံးပဲ ကြိုးစားကြပါစို့ ။


၂၀၁၉ခုနှစ် ၇လပိုင်း ၂၆ရက်နေ့ 


အထူးလုပ်သား အဆောက်အဦးသန့်ရှင်းရေး(အဆောက်အဦးအတွင်း) စာမေးပွဲ လက်တွေ့ လုပ်ဆောင်သွားမည့် စီမံချက်


ဂျပန်နိုင်ငံအတွင်း     ၂၀၁၉ခုနှစ်၁၁လပိုင်း၁ရက်နေ့ ~၂၀၁၉ခုနှစ်၁၂လပိုင်း၆ရက်နေ့အထိ

                            စာမေးပွဲရက်နှင့် နေရာများကို သတ်မှတ်ထားပြီးဖြစ်သည်။

 

အခြားနိုင်ငံများ        မြန်မာနိုင်ငံတွင် အဆောက်အဦးသန့်ရှင်းရေး လက်တွေ့လုပ်ဆောင်သွားမည့် စီမံချက် 

                            နောက်ပိုင်းတွင် စာမေးပွဲရက်နှင့် နေရာများကို ထုတ်‌ပြောသွားမည်ဖြစ်သည်



၂၀၁၉ခုနှစ် ၇လပိုင်း၂၉ရက်နေ့

အထူးလုပ်သား သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး စာမေးပွဲအား လုပ်ဆောင်သွားမည့် စီမံချက် 
မြန်မာနိုင်ငံပါ အပါအဝင် ၅ နိုင်ငံ တွင် လုပ်ဆောင်သွားမည်ဖြစ်သည်။ 

  • လုပ်ဆောင်မည့် နေရာ ရန်ကုန်မြို့
  • လုပ်ဆောင်မည့် ရက် ၂၀၁၉ခုနှစ် ၁၀လပိုင်း ၃၀ရက်နေ့မှ  ၂၀၁၉ခုနှစ် ၁၁လပိုင်း ၁ရက်နေ့အထိ
  •                             ၂၀၁၉ခုနှစ် ၁၁လပိုင်း ၄ရက်နေ့မှ ၂၀၁၉ခုနှစ် ၁၁လပိုင်း ၇ရက်နေ့အထိ


စာမေးပွဲအမျိုးအစားမှာ - ၃မျိုးဖြစ်သည်။
                            

  • ၁) - သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး စာမေးပွဲ (မေးခွန်း၄၅ပုဒ်)(မိနစ်၆၀)
  • ၂) - သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဆိုင်ရာ ဂျပန်ဘာသာစာမေးပွဲ (မေးခွန်း၁၅ပုဒ်)(မိနစ်၃၀)
  • ၃) - ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (N4အောင်မြင်ပြီးပါက ဖြေဆိုရန်မလို)


စာမေးပွဲ၏ ၆၀%အထက်ရရှိပါက အောင်မြင်ပါသည်။

အောင်စာရင်းမှာ  ၁လကြာြပီးနောက် အင်တာနက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
စာမေးပွဲလျှောက်လွှာမှာ ၉လနှောင်းပိုင်းမှ စတင်လက်သင့်ခံသွားမည်ဖြစ်သည်။ လျှောက်လွှာတင်နည်း အား၉လပိုင်းလဆန်းပိုင်းတွင် ‌ပြောကြားသွားမည်ဖြစ်သည်။



အဆောက်အဦး သန့်ရှင်းရေး 

၂၀၁၉ ခုနှစ် ၉လပိုင်း ၉ရက်နေ့ 
အဆောက်အဦး သန့်ရှင်းရေး ပထမဆုံး အကြိမ် ဂျပန်နိုင်ငံအတွင်း စာမေးပွဲကျင်းပမည့် ထုတ်ပြန်ကြေညာချက် 
ဖြေဆိုရမည့် နေ့ရက်  ၁၁လပိုင်း လလည် - ၁၂လပိုင်း လဆန်း
စာမေးပွဲကျင်းပမည့် နေရာ  ဂျပန်နိုင်ငံတွင်း လုပ်ဆောင်သွားမည် 

အမှတ်ပေးစည်းမျဥ်း 
 A ရေးဖြေစာမေးပွဲ                      အမှတ်၄၀          ၂၄မှတ်ရရှိပါက အောင်မြင်          မိနစ် ၂၀အတွင်း 
Bလက်တွေ့စာမေးပွဲ                     အမှတ်၆၀          ၃၆မှတ်ရရှိပါကအောင်မြင်          ၁၂မိနစ်အတွင်း 
စုစုပေါင်း                                   အမှတ်၁၀၀        ၆၀မှတ်ရရှိပါကအောင်မြင်

ဘာသာရပ် ၂မျိုးလုံး ၆၀%အထက်ရရှိပါမှ အောင်မြင်မည်ဖြစ်သည်။ တစ်ဘာသာကျရှုံးပါကလည်း ဘာသာရပ် ၂မျိုးလုံးကို ပြန်လည်ဖြေဆိုရပါမည်။

အောင်စာရင်းကြေညာချက်အား ၁၂လပိုင်း ၂၅ရက်နေ့ (စာမေးပွဲကျင်းပမည့် ရက်မှ ၁လအကြာတွင် ထုတ်ပြန်ကြေညာသွားမည်)

၁၀လပိုင်းတွင် အဆောက်အဦး သန့်ရှင်းရေး အထူးကျွမ်းကျင်လုပ်သား အဆင့်၁ အတွက် အဆောက်အဦး သန့်ရှင်းရေးဆိုင်ရာ လေ့ကျင့်မှု  DVDအား ရောင်းချ သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းတွင်လည်း ဂျပန်နိုင်ငံမှာ ကျင်းပသလို လုပ်ဆောင်သွားမည် ဟုစီစဥ်ထားကြောင်း ထုတ်ပြန်သွားသည်။

ကြိုးစားအားထုတ် ဂျပန်နိုင်ငံအား အမြန်လာရောက်နိုင်ရန်အတွက် စာကို သေသေချာချာကြိုးစားကြပါစို့။ 


၂၀၁၉ ခုနှစ် ၉လပိုင်း ၁၂ရက်နေ့



ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲ

၂၀၁၉ ခုနှစ် ၇လပိုင်း ၈လပိုင်း တွင် ထုတ်ပြန်ကြေညာခဲ့သော အခြားနိုင်ငံများတွင် ပြုလုပ်လုပ်ဆောင်သွားမည့် ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲအား မြန်မာနိုင်ငံအစိုးရမှ ကျင်းပလုပ်ဆောင်ရန် ခွင့်ပြုချက်လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်အတွက် ကျင်းပမည့် ၁၀နိုင်ငံ အနက် မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ပြုလုပ်လုပ်ဆောင်သွားခြင်း မရှိဘဲ ၂၀၂၀ခုနှစ်၁လပိုင်းမှသာ လုပ်ဆောင်ဆောင်ရွက်သွားမည်ဟု JAPAN FOUNDATION (JFT-BASIC) မှ တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။


JFT ဂျပန်ဘာသာနှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်ချင်ပါက အောက်ပါဖော်ြပထားသော အင်တာနက်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။


https://marugotoweb.jp/ja/fbclid=IwAR36umgTGeUReR5H9UKyHMEBEw4bKmzbpJxPo4leQo-xhfd4VOb13Sal6kA

အဆောက်အဦးသန့်ရှင်းရေးစာမေးပွဲ

အခြားနိုင်ငံများတွင် ကျင်းပမည့် အဆောက်အဦးသန့်ရှင်းရေး စာမေးပွဲအား ၂၀၁၉ခုနှစ်အတွင်း  မြန်မာနိုင်ငံတွင် လုပ်ဆောင်သွားမည့် အစီအစဥ်အား ၁၀လပိုင်း လကုန်ပိုင်းတွင် အသေးစိတ်တရားဝင် ကြေညာသွားမည်ဟု အဆောက်အဦးသန့်ရှင်းရေးအဖွဲ့အစည်း (BUILDING MAINTENANCE ASSOCIATION) ထုတ်ပြန်ပြောကြားခဲ့သည်။


စားသောက်ဆိုင်စာမေးပွဲ
အထူးကျွမ်းကျင်လုပ်သား အဆင့်၁ လုပ်ငန်းပိုင်းကျွမ်းကျင်မှုတိုင်းတာသည့် စာမေးပွဲ(အခြားနိုင်ငံများတွင် လုပ်ဆောင်မည့်အစီအစဥ်) ရှင်းလင်းပွဲအား တိုကျိုမြို့နှင့် အိုဆာကာြမို့တွင် ပထမဦးဆုံး ကျင်းပလုပ်ဆောင်သွားမည်ဟု FOREGIN INDUSTRIAL PRODUCTS INDUSTRY SKILL EVALUATION ORGANIZATION မှ ထုတ်ပြန်ကြေညာခဲ့သည်။ထိုရှင်းလင်းပွဲအခန်းအနားသို့ JFJ (JOINT FAMILY JAPAN CO.,LTD)မှ ဝန်ထမ်း ၂ဦး ပါဝင်ဆင်နွဲ၍ သတင်းအချက်အလက်အသစ်များရရှိပါက ထိုနေ့ချက်ချင်း အင်တာနက်စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ပြောြကားသွားပါမည်။


၂၀၁၉ခုနှစ်၁၀လပိုင်း၄ရက်နေ့
မြန်မာနိုင်ငံအတွင်း ကျင်းပမည့် အရည်အချင်းစစ်စာမေးပွဲ
ဟိုတယ်လုပ်ငန်း


https://documentcloud.adobe.com/link/review?uri=urn%3Aaaid%3Ascds%3AUS%3A6a0906af-6554-41d2-8083-14f9169c3dcd

၂၀၁၉ခုနှစ် ၁၀လပိုင်း ၃ရက်နေ့


စားသောက်ဆိုင်လုပ်ငန်း ပြည်ပနိုင်ငံတွင် ကျင်းပမည့် စာမေးပွဲနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအခန်း အနားအား JFJမှ ဝန်ထမ်း၂ဦး တက်ရောက်ခဲ့သည်။

စာမေးပွဲစစ်ဆေးခြင်းကို ဂျပန်ဘာသာ (သို့မဟုတ်) မြန်မာဘာသာ ဖြင့် လုပ်ဆောင်သွားမည်။
စာမေးပွဲအခန်းအား ကွန်ပျူတာအခန်းတွင် ကျင်းပ၍ တစ်ခန်းလျှင် အ‌‌‌ယောက် ၃၀ခန့်ဖြင့် အဖွဲ့ခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်သည်။ (လူဦးရေ အပြောင်းအလဲရှိနိုင်သည်)

ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ(JFT)ကိုလည်း တစ်ချိန်တည်းတွင် လုပ်ဆောင်သွားမည် ဟု သတင်းရရှိပါသည်။ ထို့အပြင် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ(JLPT) N4အောင်မြင်ထားပြီး သူများမှာ ဂျပန်ဘာသာ ‌ဖြေဆိုရန်မလိုပါ။

ကြာြမင့်ချိန် မိနစ် ၈၀ ( ဘာသာရပ်မေးခွန်း အပုဒ် ၃၀ ၊  လက်တွေ့မေးခွန်း အပုဒ် ၁၅ )

စာမေးပွဲဖြေဆိုမည့် မြန်မာနိုင်ငံသားများမှာ အခြားနိုင်ငံများသို့ သွားရောက်ဖြေဆိုခြင်းများလည်း လုပ်ဆောင်နိုင်ပါသည် ။ ( ဥပမာ ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက်ဖြေဆိုခြင်း)

ဂျပန်နိုင်ငံသို့ သွားရောက်ဖြေဆိုခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ ( ယခင် ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာ ၆လအထက်ရရှိထားသူများ သွား‌ရောက်ဖြေဆိုနိုင်သည်။

ဥပမာ-မြန်မာနိုင်ငံသို့ ပြန်သွားသော ပညာတော်သင် ကျောင်းသားများ၊ ထရိန်နင်ပြီးဆုံး၍ ပြန်သွားသော ထရိန်နင်လုပ်သားများ အစရှိသည် )

ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲအောင်လက်မှတ်မှာ JLPT N4 သို့မဟုတ် JFT သာလျှင် အသိအအမှတ်ပြုသည် (၁၀လပိုင်း၃ရက်နေ့ ဂျပန်အစိုးရမှ တရားဝင်ထုတ်ပြန် ) 

ထရိန်နင်ပြီးဆုံးပြီးသူများမှာ အခြားလုပ်ငန်းနှင့် ဂျပန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ပါက ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲအား ဖြေဆိုရန် လိုအပ်သည်။ (၁၀လပိုင်း၃ရက်နေ့ ဂျပန်အစိုးရမှ တရားဝင် ထုတ်ပြန်) (ဂျပန်ဘာသာ JLPT N4 သို့မဟုတ် JFT အောင်မြင်ရမည်)
 
စာမေးပွဲအောင်မြင်ခြင်း ကျရှုံးခြင်းအား အဲ့ဒီနေ့တွင်သိရှိရပြီး အောင်လက်မှတ် အကြောင်းကြားစာမှာ နောက်မှ ပေးပို့မည်ဖြစ်သည်။

ကျရှုံးသူများမှာ တစ်လအကြာ (ရက်၃၀) တွင် နောက်တစ်ကြိမ် စာမေးပွဲပြန်လည်‌ ဖြေဆိုနိုင်မည် ဖြစ်သည်။



၂၀၁၉ခုနှစ်၁၀လပိုင်း၂၈ရက်နေ့
မြန်မာနိုင်ငံအတွင်း ကျင်းပမည့် အရည်အချင်းစစ်စာမေးပွဲ

အဆောက်အဦးသန့်ရှင်းရေး